မြို့ကလေး၏ ညချမ်းအချိန်က ပုံမှန်အနေအထားအတိုင်း စည်ကားလျက်။
ပန်းချီဆရာသည် သာမန်နှုန်းထက်မြန်သော ခြေလှမ်းများဖြင့် လျောက်လာခဲ့၏။
မိတ်ဆွေတစ်ဦးထံမှရသော ဗင်းဆင့်ဗန်ဂိုးအကြောင်းရိုက်ကူ
"The Lust for life" အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုချင်လှပြီဖြစ်၏။
မထင်မှတ်ပဲ မိုးက ၀ုန်းခနဲ သည်းကြီးမည်းကြီး ရွာချလိုက်သည်။
မိုးကိုကျိန်ဆဲရင်း နီးရာလက်ဘက်ရည်ဆိုင်အတွင်းသို့ေ
ဆိုင်ထဲတွင်ကား လူစည်ကားလျက်။လက်ဘက်ရည်ဆိုင်ကို
တီဗီရှိရာလှမ်းအကြည့်
"မက်ဆီရာ.......ီး တဲ့မှပဲ....လူဘယ်လိုပေးတာလဲ....
ဘောလုံးပွဲကောင်းနေကြသကိုး။ဆန္ဒ
စားပွဲပေါ်ရှိမဂ္ဂဇင်းတစ်အုပ်ကို ပျင်းရိစွာ လှန်လိုက်၏။အဆင်အပြင်ညံ့လွန်းလှ
ကာလာသီအိုရီကို နကန်းတစ်လုံးမှနားမလည် ထားသိုဖွဲ့စည်းမှုအလေးချိန်အယူ
ဒီဇိုင်နာလုပ်နေသူများအား စိတ်ထဲမှတစ်ချက် ပျစ်ပျစ်နှစ်နှစ်ဆဲလိုက်မိ၏။
"ဟား.....မိုးကလဲကောင်းသကွာ....
ထီးကိုဖျတ်ခနဲ တစ်ချက်ပိတ်ရင်း ဆိုင်ထဲသို့ လူနှစ်ဦးထပ်ဝင်လာ၏။
တစ်ဦးက တရုတ်ပြည်ဖြစ် ဒစ်ဂျစ်တယ်စိပ်ပုတီးကို တချောက်ချောက်နှိပ်လျက်
တစ်ဦးကကော်လံကတုံးအကျီဖြူ ကပိုကယိုဝတ်လျက်။ဟိုသည်ကြည့်ရင်
"ဘယ်လိုလဲ....ရောင်းကောင်းရဲ့လာ
ဦးပုတီးကဆိုင်ရှင်အားလှမ်းမေး
"မဆိုးပါဘူးဗျာ....အရက်လောက်တော
သမ္မာအာဇီဝနဲ့ လုပ်စားရတာလဲ ဒီခေတ်မလွယ်လှဘူးဗျ"
ဆိုင်ရှင်က မျက်စောင်းထိုးရှိ အရက်ဆိုင်အား မလိုတမာလှမ်းကြည့်လျက် ပြန်ဖြေလိုက်၏။
"အော်....မောင်ရင့်နှယ် ဒီခေတ်က အကုသိုလ်ကောင်တွေ ကြီးပွားတဲ့ခေတ်ကွ...
ဒါပေမယ့်သူတို့ကြီးပွားတာ တစ်ဘ၀စံတွေပါကွာ....ကံငါးပါးမလံ
အခုစံနေရတာနောက်ဘ၀ခံဖို့ကွ...မှ
နှလုံးသွင်းကောင်းဖို့ အရေးကြီးသကွ....သဘောပါတယ်မလား"
ဦးပုတီးမှပြန်ပြောသောစကား။
သဘောပေါက်လားလဲမဟုတ် သဘောပါလားဆို၍ ပန်းချီဆရာအတန်ငယ် ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ ပြုံးမိသည်။
အော်...ဦးသုမင်္ဂလ လေသံကိုး.....။
ထိုအခိုက် "ဖျစ်ဖျစ်...ဖြန်းဖြန်း" မြည်သံများနှင့်အတူ အထိတ်တလန့်အော်သံများကြားရ၏။
" ဟာ....ရှော့ ဖြစ်တယ်ဟေ့...ဓါတ်ကြိုးပြတ်ကျြ
ရုတ်တရက်မိးမှောင်ကျသွား၏။
"အင်ဗာတာထွန်းဟေ့.....တီဗီခလုပ်
"ဟဲလို ..ဟဲလို....အီးပီစီကလားခင်ဗျာ..
ကျွန်တော်တို့(...)လမ်း(...)ရပ်
ဓါတ်ကြိုးပြတ်ကျလို့ သတင်းပို့တာပါခင်ဗျား ကျွန်တော်သတင်းထောက် ..... ပါ"
CDMA ဖုန်းဖြင့် ဟန်ပါပါပြောရင်း ၀င်ရောက်လာသူက ပန်းချီဆရာနှင့် မျက်မှန်းတန်းမိနေသော သတင်းသမားဖြစ်၏။
ပန်းချီဆရာအား လက်မြှောက်ပြုံးပြရင်း ၀င်ထိုင်ကာ ဖုန်းခလုပ်များအား နှိပ်နေပြန်၏။
ဝေါကနဲ အရက်ဆိုင်ဘက်မှ မီးစက်နှိုးသံနှင့်အတူ မီးများလင်းလာသဖြင့် လမ်းပေါ်ရှိမြင်ကွင်းများအား ပြန်အာရုံရောက်သွား၏။
မိုးရေထဲ ဒီဓါတ်ကြိုးက ဒုက္ခပေးနိုင်တယ်....အို...ဟိုလူ
ရေစိုနဲ့လျပ်စစ်ကိုင်ရတာ အန္တရာယ်ပဲ...
"မီးလေးတတို့လောက်ဗျာ...."
ဦးပုတီးက မီးလှမ်းတောင်းသဖြင့်မီးခြစ်ကို
"အင်း....ဒုက္ခ...ဒုက္ခ....ရသာတဏှ
အပြီးသတ်နိုင်ဖို့ဆိုတာ ........."
ပန်းချီဆရာ၏ ဘုကြည့်ကြောင့် ဦးပုတီးစကားက အိုဗာဝိတ်ယာဉ် မော်တော်ပီကယ်မိသလို အို့တို့အမ်းတမ်း ဖြစ်သွား၏။
ဟုတ်သည်။လူချင်းတွေ့မည်မှမကြံေ
ပန်းချီဆရာ အလွန်ရွံ၏။စတွေ့ကာစ လူအပေါ် လူမှုဆက်ဆံရေးနယ်ပယ်တွင် ဘာသာရေးပြောခြင်းဖြင့်
အသာစီးယူခြင်းဖြစ်သည်ဟု မြင်၏။အများအားဖြင့် အတွင်းနှလုံးသားညစ်နွမ်းသူများ
ယင်းကဲ့သို့ လူကြားသူကြားဘာသာရေးပြောခြင်ြး
သူတော်ကောင်းဟန်ဆောင်တတ်ကြသည်ဟု ယူဆ၏။
"ခင်ဗျားသိပြီးပြီလား....ဘင်လာ
သတင်းသမားက စကားစပြန်၏။
"သူ့အကုသိုလ်က သူ့ပြန်သတ်တာပေါ့ကွာ....အဲဒြါေ
သတိယှဉ်ပြီးနေဖို့ အရေးကြီးတာပေါ့" ဦးပုတီးက စကားဝိုင်းကို တရားဖြင့် ဦးဆောင်ရန်ကြိုးပမ်း၏။
"အဲဒီသတိလွတ်လို့ ဘင်လာဒင်ခံလိုက်ရတာပေါ့ဗျ...ခု
အီဂျစ်လဲ ပြည်သူကို အလျော့ပေးလိုက်ရပြီ....လစ်ဗျား
ဒီနှစ်ဟာ ကမ္ဘာမှာ အာဏာရှင်တွေ အကြမ်းဖက်သမားတွေရဲ့ ကျဆုံးတဲ့နှစ်လို့ ပြောလို့ရတယ်...."
လည်ကတုံးနှင့်လူမှ ၀င်ပြော၏။နိုင်ငံရေးသမားဖြစ်ဟန်
ပန်းချီဆရာမုန်း၏။တိုင်းပြည်ကို
သတ္တိမရှိ၊မျိုးချစ်စိတ်မရှိသလို
ဘာကောင်ဖြစ်ဖြစ် ဒီနေရာရောက် ဒီသောက်ချိုးမျိုးပဲ ဖြစ်လာမည်ထင်၏။ပိုတောင်ဆိုးေ
ထို့ကြောင့် မဲပေးစဉ်က ဘယ်ပါတီတစ်ခုကိုမှ မကြိုက်ပါဟု အကုန်လျောက်ကြက်ခြေခတ်ပစ်ခဲ့၏။
ခတ်ခတ်မခတ်ခတ် ဘာထူးသနည်း။အောင်မောင်းကြီး ကမှတော့ ခြေထိုးလေးပါမည်မှာ ဗေဒင်မေးနေစရာမလို။
"သတင်းအချက်အလက်တွေ မြန်ဆန်ပုံကလဲ ပြောမနေနဲ့ဗျို့....ဟိုမှာအခု တိုက်နေတာကို ဒီမှာအခုကြည့်လို့ရတယ်"
သတင်းသမားကစကားဝိုင်းကို ပြန်လု၏။
"အော်....သူတို့ခမျာ သွားရတော့မယ်လေ....ကံကုန်ပြီမဟု
ဒီအချိန် ဒီလိုဖြစ်ရမယ်ဆိုတာပါပြီးသားဗျ.
ဦးပုတီးကလည်း ရှေ့တန်းကို ဇွတ်တိုးဝင်၏။ဦးပုတီး၏တိုက်စစ်
ဝင်ဖျက်ထုတ်၏။သတင်းသမားကအတင်းဆွ
"စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ပြုတ်ဖို့ရာမှာ......CNN ရဲ့နောက်ဆုံးသတင်းပေးပို့ချက်အရ ယခုဆိုလျင်....
မြတ်စွာဘုရားသည် မိဂဒါဝုန်တောမှာ ပဉ္စ၀ဂ္ဂီငါးဦးအား....ကျုပ်တို့
ကဒါဖီက အိုဘားမားကို ကံငါးပါးလုံအောင်ထိန်း သဘောပါတယ်မဟုတ်လားလို့ပြောတာ...
ဒီမိုကရေစီရဖို့ အခုလက်ရှိအစိုးရအနေနဲ့ သာဓုသုံးကြိမ်ခေါ်ဆို ရေစက်ချရန် .....
သတင်းမှတ်တမ်းများကို ဒေါင်းလုဒ်ဆွဲယူကြည့်ရှုနိုင်ြ
ပန်းချီဆရာ၏ အကြားအာရုံတွင် စကားလုံးများ မီးပွိုင်မိကာ လမ်းကြောင်းပိတ်ဆို့ရှုပ်ထွေးမှု
သည်းညည်းမခံနိုင်ပဲ ထပြန်မည်လုပ်တုန်း.....
"ဒီးးး....ဒီး...ဖြတ်...ဖြတ်...
"ဟေ့....ဓါတ်လိုက်နေတယ်ကွ"
အသံများကြားသဖြင့် လှည့်ကြည့်လိုက်ကျရာ စောစောက
ပြတ်ကျသောဓါတ်ကြိုးနှင့် လူတစ်ယောက်ငြိနေသည်ကို မြင်ရ၏။
ပန်းချီဆရာနှင့် ကျန်လူများ ၀ုန်းခနဲ ထရပ်ကြည့်ကြ၏။မိုးထဲရေထဲ
ဓါတ်ကြိုးမှ လျှပ်စစ်လှိုင်းများ နှင့် လူ၏တုန်ခါအကြောဆွဲနေပုံ၌ မင်သက်မိနေကြ၏။
"ဟာ...သေပြီထင်တယ်......ဒါ ဖိုးဖိုတီး လိုင်းကြိုးကြီး "
"ဟေ့.....အနားမကပ်ကြနဲ့ .....မိုးတွေစိုနေတယ် အကုန်သေကုန်မယ်"
ဘယ်သူကမှသူရဲကောင်းမလုပ်ရဲကြ။
ရုတ်တရက်ဝါးလုံးရှည်တစ်လုံးဖြင်
ဝါးလုံးရှည်ဖြင့် ဓါတ်ကြိုးကိုရိုက်ချဖယ်ရှားကာ ဓါတ်လိုက်ခံရသူအား ၀ါးလုံးဖြင့်ရေလွတ်ရာလှိမ့်ထုတ်
ရှေးဦးသူနာပြုနည်းဖြင့်ပြုစုေ
"ဟဲလို.....ဟဲလို......ဟုတ်ကဲ့.
"ဟိုတောင်တွေပလုံးတွေ ဘက်ထရီအိုးတွေက ဓါတ်လိုက်ခံရတဲ့
လူရဲ့ဟာတွေဗျ......ဒီလူက ရေမြောင်းထဲက ငါးတွေကို ရှော့ရိုက်ဖမ်းတဲ့လူ.....
ဓါတ်ကြိုးပြတ်နေတာ သတိမထားမိလို့ဖြစ်မယ်" လက်ဘက်ရည်ဆိုင်ရှင်၏ အသံ။
"ကျုပ်တို့ဆီကလဲ မိုးရွာတာနဲ့ မီးကပျက်ပြီ....ဓါတ်ကြိုးကပြတ်ြ
" အော်.....ငါးကို ရှော့ရိုက် ဖမ်းတဲ့လူ ဓါတ်လိုက်ခံရတာကိုး....
နည်းသေးတယ်ပြောရမယ်...အကုသိုလ်
ခုပဲကြည့် ချက်ချင်းကိုဝဋ်လည်တာပဲ....အကု
"အကုသိုလ်.....အကုသိုလ်..."ပန်း
တွင် လတ်တလော အဖြစ်အပျက်များကို တရေးရေးပြန်မြင်မိ၏။အကုသိုလ်နဲ့
ဒါပေမယ့်သူ့လက်နဲ့ လူ့အသက်တစ်ချောင်းကို ကယ်လိုက်တယ်.....ဒါဘယ်လောက်တန်
ငါတို့ဘာလုပ်နေသလဲ....ရုပ်ရှင်ြ
ငါ့ရဲ့လောကကြီးကိုအလှဆင်နေတယ်လိ
တိုင်းပြည်ကိုကယ်တင်ဖို့ လက်သီးလက်မောင်းတန်းနေတဲ့ လည်ကတုံးရဲ့လက်တွေ....
ကမ္ဘာကြီးကိုရွာဖြစ်အောင်လုပ်နို
....အနိစ္စ...ဒုက္ခ...အနတ္တ...လက္ခ
..........အကုသိုလ်နဲ့အသက်မွေး
............ဘယ်လက်က တန်ဖိုးကြီးသလဲ..........
ဘယ်လက်က ကယ်တင်ရှင်လက်လဲ.........
ရှော့ရိုက်ငါးဖမ်းသူ ဓါတ်လိုက်ခံရသော မိုးသည်းညတွင်
ပန်းချီဆရာ၏ နှလုံးသား၌ ရှော့ခ် အကြီးကြီး ရသွားပြီဖြစ်လေ၏။
No comments:
Post a Comment
Note: Only a member of this blog may post a comment.